Nyan Zaw Htet

I’ve made many mistakes

“ကျွန်တော့်ဘဝမှာအမှားတွေအများကြီးလုပ်ခဲ့တယ်။ ကျွန်တော်ဟာ သူတော်ကောင်းတစ်ယောက်တော့မဟုတ်ဖူး။ တကယ်လို့ သူတော်ကောင်းဆိုတာလဲ သူတော်ကောင်းတစ်ယောက်ဖြစ်အောင်ဆက်တက်ကြိုးစားနေတဲ့ အပြစ်ရှိသူတစ်ယောက်လို့ခင်ဗျားတို့ယူဆတယ်ဆိုရင်ပေါ့”

နယ်ဆင်မန်ဒဲလား

Each work has to pass

“အလုပ်တိုင်းဟာ ဒီအဆင့်တွေဖြတ်ကျော်ရတယ်။ အရင်အလှောင်ခံရမယ် ပြီးတော့အတိုက်အခံအလုပ်ခံရမယ် ပြီးတော့လက်ခံလိုက်ကြလိမ့်မယ်။ရှေ့ကိုကြို့မြင်တတ်တဲ့လူတွေဟာ အမြဲတမ်းနားလည်မှုလွဲခံရတာပဲ” 

The concept of peaceful coexistence

ငြိမ်းချမ်းစွာအတူတကွပေါင်းစည်းနေထိုင်မယ်ဆိုတဲ့အယူအဆကိုဝေဖန်နေကြတဲ့သူတွေဟာလူမျိုးပေါင်းစုံအတွက်ဒီကမ္ဘာကြီးကိုဘေးကင်းလုံခြုံအောင်လုပ်ဖို့မလိုအပ်ဖူးလို့မြင်နေကြတဲ့လူတွေပဲ။ကျွန်တော်အံသြမိတယ်အဲ့လူတွေခဏလောက်ရပ်ပြီးကိုယ့်ကိုယ်ကိုဒီမေးခွန်းလေးမေးကြည့်ဖူးသလား “အတူတကွနေရုံမှအပ တခြားဘာနည်းလမ်းကရောရှိလို့လဲ”

 ဦးသန့်

 

 

 

အမေမှသားသို့

ကဲ…သား အမေ မင်းကိုပြောပြမယ်
ဘဝဟာ အမေ့အတွက်တော့ အကောင်းစားဖန်လှေခါးမျိုးမဟုတ်ခဲ့ဘူး
လှေခါးပေါ်မှာသံမှိုတွေလဲရှိခဲ့တယ်
ချွန်မြတဲ့ အပိုင်းအစတွေလဲရှိခဲ့တယ်
ကော်ဇော်မခင်းထားတဲ့ ဗလာကျင်းဖြစ်နေတဲ့နေရာတွေလဲရှိခဲ့တယ်

ရယ်မောနေသော နှလုံးသား

မင်းဘဝဟာ “မင်းဘဝ”ပဲ
အမှောင်ထဲမှာ အညံ့ခံပြီးအရှုံးပေးနေမနေနဲ့
စောင့်ကြည့်နေပါ
ထွက်လမ်းတွေရှိတယ်
“အလင်းရောင်” တစ်နေရာမှာရှိတယ်
အလင်းတွေအများကြီးတော့မဟုတ်ဘူး
ဒါပေမယ့် အဲဒီအလင်းက အမှောင်ထုကိုဖြိုခွင်းနိုင်တယ်

သို့အဖွားဝတုတ်

အဖွားဝတုတ်,

အဖွားရေ သားအဖွားကိုအရမ်းသတိရတယ်။ အဖွားအခုချိန်ရှိနေသေးရင် ကောင်းမှာပဲ။ သားဒီတစ်လောစိတ်တွေအရမ်းညစ်နေတယ်အဖွား။ သားဆရာဝန်တောင်ပြနေရတယ်။သားစိတ်ဓာတ်တွေအရမ်းကျနေလို့။အမေ့ကိုတောင်မပြောရသေးဘူး။သူ့ပြောလဲ သူစိတ်ညစ်တာကလွဲလို့ ဘာမှမလုပ်နိုင်ဘူးလေ။ သားအခု covid ကြောင့် work from home ပဲလုပ်ရင်းစိတ်ဖိစီးမှုတွေများပြီး စိတ်ဓာတ်တွေကျလာတာပဲ။ အဖွားလဲ Covid ကြီးကိုမကြုံလိုက်ရတာပဲ ကံကောင်းတယ်။လူတွေအားလုံး ဒီကပ်ရောဂါကြီးကြောင့်ဒုက္ခရောက်နေကြတာလေ။သားသိတာပေါ့ အဖွားသာအခုအသက်ရှင်နေသေးရင် သားကိုဘယ်လို ဂရုစိုက်ဖို့ပြောမလဲဆိုတာ။ အခုဒီမှာ သားတစ်ယောက်တည်း အဖွား။ အပြင်လဲသိပ်မသွားရဘူး။သူငယ်ချင်းတွေလဲတစ်ယောက်မှမရှိဘူး။မြန်မာလူမျိုးတွေတောင်တစ်ယောက်မှခုထိမတွေ့သေးဘူး။အဲ့တော့ကြာလာတော့ အထီးကျန်လာတယ်အဖွား။ သားအလုပ်က စိတ်ဖိစီးမှုကအရမ်းများတယ် အဖွား။ စနေရော တနင်္ဂနွေရောသားကောင်းကောင်းမနေနိုင်ဘူး။စိုးရမ်းစိတ်တွေများလာတော့ကြာတော့စိတ်ဓာတ်ပဲကျလာတယ်။ ဆရာဝန်နဲ့ကြတော့မှနည်းနည်းသက်သာလာတယ်အဖွား။သားမှာဖြစ်တာ သာမန်စိုးရိမ်မှုမဟုတ်ပဲ စိုးရိမ်းမှုလွန်ကဲတဲ့  Anxiety disorder ရှိနေတာ။ အလုပ်ကို လွဲသွားမှာ မှားသွားမှာကိုအရမ်းစိုးရိမ်နေတာ။ သူဌေးကလဲ အရမ်း demanding   ဖြစ်တာ။ ပြီးတော့တဖက်ကလဲ စိတ်ထွက်ပေါက်လဲမရှိတော့ သားကြာလာတော့ မခံစားနိုင်တော့ဘူး။ ဘာလုပ်လုပ် သားပျော်မှမပျော်တော့တာ။ ရုပ်ရှင်ကြည့်ကြည့်၊ဂိမ်းဆော့ဆော့ ဒီအတိုင်းပဲ စိတ်ဓာတ်ကပိုပိုကျလာလေပဲ။ သားတစ်ယောက်တည်းဒီမှာ ဘယ်သူမှလဲအနားမှာမရှိဘူး။ အမေကလဲအဖွားသိတဲ့အတိုင်းပဲ သားကိုသိပ်နားလည်တာမဟုတ်ဘူး။အဲတော့ အချိန်ကြာကြာလာတော့ပိုပိုဆိုးလာတယ်။ တစ်ရက်က သားစိတ်တွေမထိန်းချုပ်နိုင်ပဲငိုသေးတယ်။ အကောင်းဆုံးလုပ်နေတာပဲ ဒါမယ့်ဘာမှမဖြစ်လာတော့ သားစိတ်တွေအရမ်းပင်ပန်းလာပြီးခြေကုန်လက်ပန်းတွေကျတာပဲ။ အဓိကက အဲ့နေ့ကအဖွားကို သားသွားသတိရမိလို့။ အဖွားနောက်ဆုံးပြောသွားတယ်လေ။ သားဒုက္ခရောက်နေတဲ့အချိန် အဖွားကိုဆုတောင်းလိုက်ပါဆိုပြီးတော့။ အဲ့မှာ သားအရမ်းဝမ်းနည်းသွားပြီးငိုမိတာပဲ။ စိတ်ထဲမှာအဖွားကို အရမ်းသတိရလို့။ သားညတိုင်းလိုလို အဖွားအိမ်မက်လာပေးပါဖို့ဆုတောင်းတယ်အဖွား။ တစ်ခါလောက် အဖွားဘုရားဆုတောင်းပေးတာလေးသားနားထောင်ချင်မိတယ်။