Nyan Zaw Htet

Old man’s war (Review/spoiler)

“အဖိုးကြီး အဖွားကြီးတွေကို ငယ်ရွယ်တဲဲ့ခန္ဓာကိုယ်အသစ်ပေးပြီး စစ်တိုက်ခိုင်းတယ်”
အသက်၇၅နှစ်ပြည့်တဲ့ အဖိုးကြီးတွေအဖွားကြီးတွေက ဒီအတိုင်းမသေချင်ဘူးဆိုရင် အာကာသထဲက ကိုလိုနီကာကွယ်ရေးတပ် Colonial Defense Forces(CDF) ကို သွား join ပြီး နုနယ်တဲ့ခန္ဒာကိုယ်အသစ်နဲ့အစားထိုးပြီးအာကာသ နယ်ချဲ့စစ်ပွဲတွေမှာစစ်တိုက်လို့ရတယ်။ အနည်းဆုံး၂နှစ် ကနေ အများဆုံး၁၀နှစ်ထိ စစ်မှုထမ်းပြီးရင် နောက်ထပ် body အသစ်ကိုပေးပြီးတော့ ဘဝကို လူငယ်အရွယ်ကပြန်စပြီးနေခွင့်ရမယ်။

Loneliness is the poverty

အဖော်မဲ့လို့အားငယ်နေတာ ဆင်းရဲမှုတစ်ခုပါ။ တစ်ယောက်တည်းနေရလို့ကျေနပ်နေတာ ချမ်းသာမှုတစ်ခုပါ။

မေ စာတွန်

 

မြေပဲတင်း၇၀

တစ်ခါက Meeting မှာနားထောင်ခဲ့ရတဲ့အဖြစ်အပျက်တစ်ခု။ ကိုယ့်ဟာကိုယ်တောင်ရိက္ခာမလုံလောက်ချိန်မှာ စစ်ဘေးရှောင်တွေကိုကူညီပေးဖို့ သူတို့မှာရှိတဲ့ ရိက္ခာတွေကိုခွဲပေးနေရတာကြောင့် သူတို့အတွက် တောထဲက “ဆူးမရှိတဲ့အရွက်” တွေပဲခူးပြီးချက်စားပါတယ်လို့ ချင်းရဲဘော်တစ်ဦးကပြောတော့ meeting မှာ Dr.Sasa တောင်တော်တော်စိတ်မကောင်းဖြစ်သွားတယ်။ အဲ့တာကလွန်ခဲ့တဲ့တစ်နှစ်လောက်ကဖြစ်ခဲ့တာပါ။

A hero can be anyone

“သူရဲကောင်းဆိုတာလူတိုင်းဖြစ်နိုင်တယ်။ ကလေးလေးတစ်ယောက်ရဲ့ပုခုံးပေါ်ကို ကုတ်အင်္ကျီလေးခြုံပေးပြီး အရာအားလုံးအဆုံသတ်မသွားသေးကြောင်း အားပေးနှစ်သိမ့်စကားလေးပဲပြောတဲ့သူတောင်မှ သူရဲကောင်းဖြစ်နိုင်တယ်”

When the power of love

“မေတ္တာတရားရဲ့စွမ်းအားက ဩဇာအာဏာတပ်မက်မှုတွေကို အနိုင်ယူသွားတဲ့အခါ ကမ္ဘာကြီးငြိမ်းချမ်းသွားလိမ့်မယ်”

-အမည်မသိ-

Strider

ရွှေဖြစ်တိုင်းအရောင်လက်နေတာမဟုတ်သလို

လျှောက်သွားနေတဲ့သူတိုင်းလဲ လမ်းပျောက်နေတာမဟုတ်ဘူး

My story continues…

လွန်ခဲ့တဲ့ ၃နှစ် ၂၀၂၀ ခုနှစ်ဝန်းကျင် စိတ်ကျရောဂါကိုခံစားနေရတဲ့အချိန် Tattoo တစ်ခုသွားထိုးဖြစ်ခဲ့တယ်။